Networking ကို အဆင့်လိုက် ရေးရင်းနဲ့ PS II game စက်ကို ကွန်ပြူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် နည်းလမ်းကိုရေးခဲ့ပြီးပါပြီ။ အဲဒီအတွက် လိုအပ်တဲ့ software နှစ်မျိုးရှိပါတယ်။ USB loader နဲ့ PSII Converter ပါ။ Loader က ညွှန်းပြီးပြီ၊ Converter ပါ ပေးဖို့ တာဝန်ရှိလာပြီပေါ့။ အဲဒါလေး တင်ပေးရင်း သုံးနည်းပါ အကြမ်းဖျဉ်းရေးလိုက်ပါတယ်။ Download “USB Extreme” : ifile.it (0.16 MB) USB Extreme လို့ ခေါ်ပါတယ်။ ကျနော် zip နဲ့ ချုံ့ထားပါတယ်။ ဖြည်ပြီး run လိုက် portable ပါပဲ။ ၁။ Disk Format ဆိုတဲ့ ဒုတိယ tab ကိုနှိပ်ပြီး format ကိုနှိပ်၊ format လုပ်မယ့် drive ကို ရွေပေးပါ။ hard disk သီးသန့်ထားပြီး game Read More ...
Intro: ကျနော် networking ကို အခြေခံကနေစပြီးရေးလာတာ နှစ်ပိုင်းပဲပြီးသေးတယ်။ အပိုင်း (၃) အနေနဲ့ sharing ကို ရေးပြီးတော့မှ အသုံးချခြင်းအနေနဲ့ ဒီဆောင်းပါးကို ရေးမလို့။ တောင်းဆိုချက်တွေအရ ဒါကိုကျော်ပြီးရေးပေးလိုက်ပါတယ်။ သဘောတရား - PS II game စက်များကို ခွေထည့်ပြီး ကစားမယ့်အစား အဲဒီခွေကို ကွန်ပျူတာ hard disk မှာ သိမ်းထားပြီး network လမ်းကြောင်းမှ ယူသုံးစေတာပဲဖြစ်ပါတယ်။
ကဗျာဆိုတာ ‘ရင်ထဲကအရာတွေကို စကားလုံးကျစ်ကျစ်နဲ့ လှလှပပ လှစ်ဟပြတာ’ တဲ့ (ကိုယ့်ဘာသာ အဲလိုထင်တာပဲ)။ ဒီစာတွေက ကဗျာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ‘တကယ်ဖြစ်ခဲ့တဲ့အရာ ငါ့ရင်ထဲက အနာတွေပါ’ …
“သေပြီးသားအနာဂါတ်”
အသည်းမှာစိုက်မယ်ဆိုပြီး တူးဆွခဲ့တာလည်း … မင်း
ဘ၀င်တွေမြင့်လောက်အောင် ယုယခဲ့တာလည်း … မင်း
ငါ့ကို ချနင်းမယ်ဆိုတော့လည်း မငြင်းရက်ခဲ့ပြန်ဘူးလေ … ။
Read the rest of this entry »
ကျနော့် ဘလော့ပြန်ရပြီဆိုတဲ့အကြောင်း မေးလ်ထဲမှာရှိတဲ့ စာဖတ်သူတွေဆီ မေးလ်ပို့တယ်ဗျာ။ အဲဒီမှာ auto-reply တွေက အသီးသီး ပြန်ပို့ပေးလာတယ်။ အဲဒါလေးတွေ ပြန်ဖတ်ပြီး ရယ်ချင်ပတ်ကျိဖြစ်လာရော။ (ရီချင်တာများ ပတ်ကျိနဲ့ ဘယ်လိုဆိုင်လဲ ကျနော်လဲမသိဘူး) အဲဒီစာသားလေးတွေကို အပျော်သဘောနဲ့ ကျနော့်စိတ်ထဲက ပြန်ပြောတာလေး ရေးပြမလို့။ တစ်ယောက်တည်းနေရင်း စိတ်ညစ်နေတဲ့ကျနော် သူများတွေမညစ်အောင် ဟာသ လုပ်ပေးတဲ့ သဘောပေါ့။ (သက်ဆိုင်သူတွေလည်း အမှတ်မထားပါနဲ့။ ဟာသ သက်သက်လုပ်ကြည့်တာပါ။ ချစ်ကောင်းပြောသလို – အပျော်ပေါ့ -)

Cable လုပ်တာတော့ပြီးခဲ့ပြီ။ ကျနော့်ရဲ့ ပြောင်းပြန်သီအိုရီ အရ ကြိုးရပြီဆိုတော့ တပ်ဆင်ဆက်သွယ်ဖို့ ကဒ်တွေအလှည့်ပေါ့။ အခြေခံအကျဆုံးဖြစ်တဲ့ ကွန်ပြူတာ နှစ်လုံး ချိတ်ဆက်ဖို့ NIC (Network Interface Card) ကို တပ်ဆင်ထားရပါမယ်။ network card (သို့) NIC လို့ ခေါ်ကြတဲ့ device က ကွန်ပြူတာ တစ်လုံးမှ ပို့လိုတဲ့ data တွေကို electric signal အဖြစ် ပြောင်းလဲပြီး cable ကြိုးမှ တဆင့် တဖက် ကွန်ပြူတာရဲ့ NIC ဆီ ပေးပို့ပါတယ်။ တဖန် ၀င်ရောက်လာတဲ့ signal တွေကို data အဖြစ်ပြန်ပြောင်းပြီး လက်ခံပေးမှာ ဖြစ်ပါတယ်။ (NIC ကို သီးသန့် device တစ်ခု အနေနဲ့ Motherboard ရဲ့ media slot မှာ စိုက်သုံးခဲ့တာပါ။ နောက်ပိုင်းထုတ် motherboard တွေမှာတော့ build in အနေနဲ့ အသေတပ်ဆင်ပြီး Read More ...
မြန်မာနိုင်ငံပြန်ရောက်ပြီးမှ ပထမဆုံးရေးတဲ့ post ပါ။ အရင် က မူကြမ်းတောင်မရေးပဲ post တင်တဲ့ ကျနော်။ ခု ပို့စ်တင်ဖို့ A4 စက္ကူပေါ်ရေးနေရပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ရတဲ့နည်းနဲ့ ပေးချင်တာတွေ ပေးသွားပါ့မယ်။ စာတမ်းတစ်စောင် (သို့) စာအုပ်တစ်အုပ်အဖြစ် အကြောင်းအရာ တစ်ခုခုကို တင်ပြရေးသားမယ်ဆိုရင်တော့ သဘောတရားတွေနဲ့ သိသင့် သိထိုက်တာတွေ အရင်ရေးရမယ်။ ပြီးမှ လိုက်ပါလုပ်ဆောင်ဖွယ်ရာတွေ ရေးသားရမှာပါ။ ဒါပေမယ့် ကျနော်ပေးချင်တဲ့ ပုံစံက တစ်မျိုးဗျ။ လက်ရှိလူတိုင်းက ပျင်းရိညည်းငွေ့ဖွယ်ကောင်းတဲ့ သဘောတရားတွေထက် ဘာလုပ်ဖို့အတွက်ဆို ဘယ်လိုမျိုးဆိုတဲ့ easy making တွေကို ပိုစိတ်ဝင်စားလာကြတယ်။ နောက်ပြီးလူဆိုတာက တတ်ကျွမ်းပြီးမှသာ နှံ့စပ်ချင်တယ်။ မသိသေးပဲ အသေးစိတ်ကျတဲ့ အချက်အလက်တွေ မမှတ်ချင်ဘူး။ အဲဒါကြောင့် ပြုလုပ်နည်းကို ကျနော် အရင်ရှင်းသွားမယ်။ အသုံးချင်နေတာတွေပြောပြီး အခေါ်အဝေါ်တွေ ရင်းနှီးလာမှ သိထားသင့်တဲ့ သဘောတရား အချက်အလက်တွေကို ပြန်ရေးမယ်။
အံ့သြသဘောကျဖို့ကောင်းတဲ့ ebook တစ်မျိုး လုပ်ပြမလို့။ .chm ဖိုင် အမျိုးအစားဖြစ်ပြီး၊ HTML Help file လို့ခေါ်တယ်။ အရမ်းထူးခြားတဲ့ အားသာချက်တွေ ရှိနေတဲ့အပြင် အသုံးပြုရလည်းလွယ်တယ်။ ဖန်တီးတဲ့သူအတွက်လည်း ဘာမှ ခက်ခက်ခဲခဲမရှိပါဘူး။ ကျနော့်ရဲ့ project တစ်ခုဖြစ်တဲ့ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို offline သုံးအနေနဲ့ ပြုလုပ်ဖို့ အမျိုးမျိုးစမ်းသပ်ရင်း ဒီ chm ဖိုင်အဖြစ် ပြုလုပ်ဖြစ်ပါတယ်။ ဒီလင့်မှာ offline periodic table (မြန်မာဘာသာ) ရဲ့ ထူးခြားချက်တွေ အသုံးပြုနည်းတွေ အကြောင်းရေးရင်း download free ပေးထားပါတယ်။ အဲဒီပို့စ် ဖတ်ကြည့်ရင် chm ဖိုင်ရဲ့ ထူးခြားချက် အားသာချက် အားလုံးကို သိသွားမှာပါ။ အကြမ်းဖြင်းအနေနဲ့ ဒီမှာနည်းနည်းရေးပါ့မယ်။

သံလုံငယ် ဆိုတာ မွန်သူရဲကောင်း လဂွမ်းအိန် ကို ရည်ညွှန်းတာပါ။ ကွန်ပျူတာကို စတင်အသုံးပြုတဲ့ အဆင့် (Beginner) ကနေ ဘာဖြစ်ဖြစ်သုံးတတ်သွားတဲ့ အဆင့် (User) ဆိုတာဖြစ်ဖို့က အကြာဆုံး state ပဲ။ အဲဒီကြားကာလလေး မြန်သွားအောင် ကူညီချင်တာ။ 
